သင်္ကန်းမှာ-ထိန်၊ ဆွမ်းမှာ -ပိဏ်၊ ကျောင်းမှာတော့-သိမ် ဟူ၍ ဆရာတော်ဘုရားကြီး၏ ဆရာတော်ဖြစ်သူ ဘ၀ိမလမှ မိန့်ခဲ့သည်။
သင်္ကန်းအလှူတို့တွင် ကထိန်သင်္ကန်းသည် အမြတ်ဆုံး။
အဘယ်ကြောင့်ဆိုသော် ပုဂိုလ်စွဲလှူခွင့်မရ၊ သံဃာသို့သာလျှင် ဦးတိုက်လှူဒါန်းရသောကြောင့်။
ဆွမ်းတကာ့ဆွမ်းတွင် ပိဏ္ဍာပါတ်ဆွမ်းသည် အမြတ်ဆုံး။
အဘယ်ကြောင့်ဆိုသော် ဟိုအိမ်ဝင်သည် အိမ်တက်ဖြင့် ပုဂိုလ်စွဲမဖက် သက်သက်လမ်းပေါ်မှသာ ခံယူချက်ကြောင့်။
ကျောင်းအားလုံးတွင် သိမ်ကျောင်းသည်သာ အမြတ်ဆုံး။ အဘယ်ကြောင့်ဆိုသော် သံဃာ၏ကံကိစ္စ သိမ်မပါလျှင် မပြီးသောကြောင့်။
No comments:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး