Thursday, January 17, 2013

အာစရိယပူဇော်ပွဲကြောင့် မအားလို့ပိုစ်မတင်နိုင်ခဲ့တာပါရှင်

၁၂.၁.၂၀၁၃ နေ့မှာ ရေဆင်း၊ စိုက်ပျိုးရေးတက္ကသိုလ်ကျမတို့အား ပညာတတ်အဖြစ်မွေးဖွားပေးရာ ကျောင်းကြီးမဟာမှာ (၁၄)ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပတဲ့အတွက် ၊ မကျင်းပမှီ ကျမ၏ ၁၉၇၉ ကျောင်းဆင်းသူငယ်ချင်းများ လာရောက်တည်းခိုနိုင်ဘို့ ပြင်ဆင်ရတာကတကြောင်း၊ ပူဇော်ပွဲရက်တွေမှာ လည်း ပျော်ကြရွှင်ကြ ရှေးဖြစ်ဟောင်းအောင်းမေ့ဘွယ်များကို ပြောကြဆိုကြနဲ့၊ ဟော ပြီးသွားပြီး အကုန်ပြန်သွားကြတော့ မနေတတ် မထိုင်တတ်လေးဖြစ်နေရက နေတတ်ထိုင်တတ်အောင် အာရုံလေး ပြောင်းပြီး စရဏလုပ်ရဆိုတော့ တော်တော်လေးပို့စ်ရေးဘို့အခက်အခဲဖြစ်သွားပါတယ်ရှင်။
သို့သော် ကျမက ဆရာတော်ဘုရားကြီးရဲ့ ဘ၀ကန္တရ ခရီးကြမ်းကို ဖတ်ဖြစ်အောင်ဖတ်ရပါတယ်ရှင်။ အဲဒီအခါမှာ ကျမဟာ ကျမဖြစ်ခဲ့ကြုံတွေခဲ့တာတွေနဲ့တော်တော်ကို တိုက်တိုက်ဆိုင်ဆိုင် ရှိလှတာမို့
မပြုံးဘဲ ရီချမိလိုက်ပါတယ်။
အထူးသဖြင့် ဘိုးတော်အောင်မင်းခေါင်ကြီးနဲ့ပတ်သက်ဆက်နွယ်နေလို့ပါဘဲ။ လူအများစုက ဘုမသိ ဘမသိ ကဲ့ရဲ့နေတဲ့ သမထလမ်းမှာ အစစ်အမှန် အရိယာဝိဇ္ဇာတွေ အမှန်တကယ်ရှိနေပါတယ်လို့ ဆရာတော်ကြီးက ဟစ်ဟပြနေနေတာတွေ မလွဲမသွေ ကျမဘ၀အတွေ့အကြုံတွေနဲ့ တူနေတာကို ရေးတင်သွားပါမည်ရှင်။
အားလုံးကျန်းမာချမ်းသာကြပါစေ

No comments:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး