ဦးဇင်းက ကျမတို့ ဒုက္ခခံခဲ့တာကို ကိုယ်ချင်းမစားအသိအမှတ်မပြုပေမဲ့ ကျမကတော့ ပုဂံသွားတိုင်း ကိုသံချောင်းတို့အိမ်ကို ၀င်ပြီး အမြဲတမ်း အလေးဝင်ပြုလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ပုဂံမြို့သစ်ကသူ့အိမ်ကိုသွားမဲ့ ၀က်ကြီးအင်းရေကျော်နေလို့ မရောက်ခဲ့ရပါဘူး။ ဒါက ကိုသံချောင်း သူ့သူငယ်ချင်း ပန်းချီဆရာ ကိုငယ်လေး၊ ဘုရားစောင့်အဖွဲ့နဲ့ ရှေ့တန်းက သော်ဇင်အောင်(သော်သော်)နဲ့ ကျမတို့ အမှတ်တရ ပင်ပင်ပန်းပန်းကြားမှ ရိုက်ထားတဲ့ပုံပါ။ ကိုသံချောင်းဟာ အခုဆိုရင် ကြက်ဥအကာအခွံလေးတွေနဲ့ ဆန်းဆန်းပြားပြားပန်းချီကားဖန်တီးနေသူဖြစ်ပါတယ်။ သူရဲ့လက်ရာများကို ကုံလုံဆရာတော်ကြီးရဲ့ ကုံလုံကျောင်းမှာမြင်ရမှာဖြစ်သလို မုံရွာ သံဗုဒ္ဓေဘုရားကြီးအတွင်းက (၃၁)ဘုံရပ်တော်မူဘုရားကြီးရဲ့ ဒုတိယထပ်တထပ်လုံးက လက်ရာဟာလည်း သူ့လက်ရာဖြစ်ပါတယ်။ ကျမ ဒီနှစ်ညောင်ဦးရောက်တော့ Bagan lover ဆိုတဲ့ ပန်းချီပြပွဲတခုမှာ သူပါတာကို ဖွင့်ပွဲဖိတ်စာမှာမြင်လိုက်ရပါတယ်။ နောက်ထပ်အမှတ်တရတခုက ကိုသံချောင်းဟာ ပုဂံရဲ့ ရှေးဟောင်းပြခန်းဆောက်လုပ်ရာမှာလည်း ပန်းချီပညာနဲ့ပါဝင်ခဲ့သူဖြစ်ပါတယ်ရှင်။ သူရဲ့ ဖြူစင်တဲ့စိတ်ထား အလိုနည်းတဲ့စိတ်ထား ကူညီခြင်တဲ့ စိတ်ထားလေးကို ကျမက အသိအမှတ်ပြုရင် သာဓု အကြိမ်ကြိမ်ခေါ်ကာ အမှတ်တရ မှတ်တမ်းတင်ပေးလိုက်တာဖြစ်ပါတယ်ရှင်
နောက်ဆုံးပုံလေးကတော့ ကျမကို ပုဂံကိုလာဘို့ အကြိမ်ကြိမ်ခေါ် ကျမသွားလိုရာကို သူရဲ့ ဆိုင်ကယ်နဲ့ ပို့ပေး သွားရတဲ့ စရဏအာားထုတ်တဲ့ ဘုရားကို ကြိုပို့လုပ်ပေး ကားလက်မှတ်တွေလည်း မကြာခဏတာဝန်ယူပေးတဲ့ ကျမရဲ့ စပွန်စာ- သာသနာအကျိုးပြုလုပ်ငန်းများကို ကိုယ်တိုင်လည်းလုပ်ကိုင်နေတဲ့ ညောင်ဦးမြို့မှာနေတဲ့ မြင်းခြံ ခင်မကန်သူ ဒေါ်ခင်မြင့်ကြည် ဖြစ်ပါတယ်။ သူပို့ပေးလို့ စွန်းလွန်း၊ ခင်မကန်၊ သင်္ဂဇာဆရာတော်ကြီး ရုပ်ကလပ်ရှိတဲ့ စန်းကျကျောင်း၊ ပခုက္ကူ ရွှေဂူ သရက္ခန်ဘုရားတင်မက ပခမ်းကြီးက ဘုရားတွေပါရောက်ခဲ့ရတာဖြစ်ပါတယ်။ လာတိုင်းလည်း ဘုရားတွေ မထပ်အောင် လူသူမသိတဲ့ဘုရားတွေက အစကျမကို လိုက်ပို့ပေးတဲ့ ကျမရဲ့ ဘာသာရေးပါရမီဖြည့်ဘက်ဆိုလည်း မမှားပါဘူးရှင်။ သူရယ် ကျမရယ် ကျမတို့နဲ့ ပြောမနာဆိုမနာ သူ့တပည့်လေး သော်သော်ရယ်ဖြစ်ပါတယ်။ | | | | |
|
No comments:
Post a Comment
သိတာလေးတွေ ရှယ်ပေးပါဦး