Thursday, June 21, 2012

သတိဆိုတာ စစ်မြေပြင်မှာ စစ်တိုက်ရသလိုပါဘဲ။

သတိဆိုတာ ကိလေသာနဲ့စစ်တိုက်တာဗျ။ စစ်ပွဲမှာ စစ်တိုက်ဖို့သွားတဲ့သူဟာ စစ်တလင်းမှာ ငိုက်နေလို့ရရဲ့လား။ ဖြေးဖြေးလေး ငေးနေလို့ကောရရဲ့လားဗျာ။ အမြဲသတိနဲ့နေရတာမဟုတ်လား။
သတိဆိုတာ ၀ိဇ]္ဇာဗျ။ ကိလေသာက အ ၀ိဇ]္ဇာ ။ စစ်ပွဲတွေမှာဆိုရင် အိပ်ရင်တောင် အသင့်အနေအထားနဲ့ သေနတ်ပိုက်ပြီးအိပ်ရတာမဟုတ်လား။ သေနတ်ဇောက်ထိုးထားပြီး သွားလို့ရမလားဗျ။
သတိနဲ့နေတတ်ပါစေနော်။ နောက်မို့က အရင်းစားရှုံးမယ်။ ဝေဘူဆရာတော်ကြီးကပြောတယ်။ ၀ီရိယလေး လိုနေတာဗျ.။ ၀ီရိယလေလိုနေတာဗျနဲ့။ ဒို့များကတော့ တည့်တည့်ဘဲပြောလိုက်ခြင်တယ်။ ခင်ဗျားတို့ ပျင်းကြတယ်ဗျာ။ (မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ တရားများမှ)

မင်းတုန်းမင်းကြီးက သာသနာဒယကာကြီးဗျ။ သူက ဘီလူးမကလာတာဗျ။ ဘီလူးမ သားမြတ်ဖြတ်လှူတဲ့ကုသိုလ်နဲ့ ဘုရင်လာဖြစ်တာပါဗျာ။ သူက သာသနာတော်ကိုတကယ်ကြည်ညိုတာ။ သံဃာတွေကိုသိပ်ကြည်ညိုတာ။

ခရီးတခုကိုသွားနေတဲ့ သူမှာ သူ့မှာဖိနပ်စီးထားတယ်ဗျ။ ဖိနပ်စီးပြီးခရီးသွားနေတဲ့သူကို ဖိနပ်တရံထပ်ပေးတော့ ဘာလုပ်သွားရမလဲ။ အဲဒီဖိနပ်လက်ထဲက ကိုင်သွားရမယ်မဟုတ်လား။ အေးဗျာ လှူတိုင်းကောင်းတာမဟုတ်ဖူးဗျ။

No comments:

Post a Comment

သိတာလေးတွေ ရှယ်ပေးပါဦး